MarTech Manager အကြောင်း မပြောခင် ဒီ Position နဲ့ပတ်သတ်ပြီး နည်းနည်းရှင်းပြပေးဖို့ လိုမယ်ထင်ပါတယ်။ MarTech ဆိုတာ Marketing + Technology ကို အတိုကောက်ပြောတာပါ။ MarTech ဆိုတဲ့ Position က ကျနော်တို့ နိုင်ငံမှာတင်မဟုတ်ပါဘူး 2020 နောက်ပိုင်းလောက်မှ ခေါ်ဝေါ်သုံးစွဲလာကြတာပါ။ အဓိကကတော့ IT Geek တစ်ပိုင်း Integrated Marketing Expect တစ်ပိုင်း ဆိုပြီး နှစ်မျိုးပေါင်းထားတာပါ။
ဒီ Position ဘယ်လို စပေါ်ပေါက်ခဲ့တာလဲ?
Digital Age မှာ ကျနော်တို့ရဲ့ Traditional Marketing တွေနေရာမှာ အစားထိုး ပိုမိုလွယ်ကူတဲ့ နည်းပညာတွေ ပေါင်းစပ်လာတဲ့အချိန်မှာ စခဲ့တာလို့ ဆိုနိုင်ပါတယ်။ Marketing Goal တွေကို နည်းပညာအသုံးပြုပြီး အဆင်ပြေအောင် လုပ်ဆောင်ရတဲ့အတွက် များသောအားဖြင့် နည်းပညာ Background နဲ့ Marketing Background ရှိနေတဲ့ လူတွေအတွက် Position အသစ်တစ်ခုဖြစ်လာပါတယ်။
Degree တစ်ခုရ ယူခြင်း
သက်ဆိုင်တဲ့ Degree တွေ အများကြီးထဲမှာမှ သင့်တော်တဲ့ Degree အမျိုးအစားတွေကို ဖော်ပြပေးသွားပါမယ်။
- Computer Sciences
- Computer Engineering
- Marketing or Communication စတဲ့ အမည်နဲ့ပတ်သတ်တဲ့ Degree တွေ ဟာ ဒီ Career အတွက် တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်
သက်ဆိုင်ရာ Experience တွေ ဘယ်လိုရှာမလဲ
အခုမှ စပြီး ဘွဲ့ရတဲ့ သူတွေ ဆိုရင်တော့ နည်းပညာဘက်က စပြီးရှာမလား၊ Marketing ဘက်က စရှာမလား ဆုံးဖြတ်ရပါမယ်။
နည်းပညာဘက်က ဆိုရင် Web ပိုင်း၊ E-commerce Platform စတာတွေနဲ့ ပတ်သတ်တဲ့ company တွေမှာ အလုပ်စဝင်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ Company တွေက Platform Technology အလုပ်လုပ်ပုံတွေနဲ့ Digital Customer တွေကို စီမံခန့်ခွဲရတဲ့ အလုပ်မျိုးတွေကနေ Expreience ယူရပါမယ်။
Marketing ဘက်ကဆို Integrated Marketing နဲ့ပတ်သတ်တဲ့ Companyမျိုး တွေ Integrated Marketing ကို service ပေးတဲ့ Agency မျိုးတွေမှာ စပြီး အလုပ်ဝင်သင့်ပါတယ်။ ဒါမှသာ Customer တွေကို ဘယ်လို Marketing/ Technology တွေ သုံးပြီး ချိတ်ဆက်ဆောင်ရွက်တာမျိုးလုပ်နိုင်မှာပါ။
သင့်တော်တဲ့ Position တွေကတော့ အများကြီးပါ ဒီထဲမှာမှ အနီးစပ်ဆုံးဟာတွေ ရေးပေးမှာ ဖြစ်သလို နောက်ထပ်ရှိရင်လဲ ဒီ မှာပဲ ဖြည့်စွက်သွားမှာပါ။
- Business Analyst
- CRM Engineer
- Project Management
- Marketing Executive
- Account Executive
- Traffic Management
- E-Mail Marketing
- Digital Marketing
- Customer Expreience
- Technical Architect
- Marketing Data & Automation
- Technical Marketing Executive
Experience ဘယ်လောက်လိုလဲ?
လက်ရှိ Nestle, SCB, Agoda တို့မှာ Manager (သို့) Specialist တွေဆိုရင် အနည်းဆုံး 7-10 years experience လိုပါတယ်။ ဒါကြောင့် ကိုယ်က ဒီ Career စတင်လျှောက်လှမ်းနေပြီဆိုရင် အပေါ်က ပြောတဲ့ Position တွေမှာ လုပ်ဖူးသူ ဖြစ်ရင် ပိုကောင်းပါတယ်။
အခြား Certificate/Diploma တွေလိုအပ်လား
Degree တွေအပြင် ထပ်မံသိထားသင့်တဲ့ Certificate တွေ ရှိပါတယ်။ ဉပမာ အနေနဲ့
- CRM နဲ့ပတ်သတ်တဲ့ Certificate တွေ
- Data နဲ့ပတ်သတ်တဲ့ Certificate တွေ
- Google Analytics/ Data Studio စတာတွေ
- Facebook လို Social Media Tools နဲ့ပတ်သတ်တာတွေ
- (Saleforce, Hubspot, SAP, Oracle) စတဲ့ Certificate တွေ ရှိထားရင် ပိုကောင်းပါတယ်။
အဓိက လိုအပ်တဲ့ Skill တွေက ဘာတွေလဲ?
- Creativity
- Project Management
- Marketplace Platform Management
- Full stack communicator
- Organizational skills
- Adaptability
- Emotional intelligence
- Strong leadership traits
- Consensus builder and collaborator
- Innovative visionary
- Passionate technologist
- Savvy salesperson
အဆင့်ဆင့် လုပ်ဆောင်ရတဲ့ တာဝန်ယူရတဲ့အရာများ
Entry Level နဲ့ စပြောရရင် အခြေခံအကျဆုံး ကနေ ဝာာဝန်ယူရဖို့များပါတယ်။ ဉပမာ Website မှာ Tag တွေ လိုက်ထည့်တာ Customer Data တွေကို Tools/CRM တွေထဲ ထည့်သွင်းတာ၊ Project အသေးစားလေးတွေကို Management စလုပ်တာမျိုး Data Entry မျိုးတွေနဲ့တောင် စရနိုင်ပါတယ်။ ဒါတွေကို မိမိက လုပ်ဖူးမှ Marketing သမားတွေ နည်းပညာ သမားတွေပေါင်းစပ်လုပ်ဆောင်ရတဲ့ အရာတွေမှာ အတွေ့အကြုံရှိပြီးသား ဖြစ်နေမှာပါ။ အဲတော့ ရှိသမျှ Data/Marketing/Technology/Customer နဲ့စတဲ့ ဘယ်အလုပ်နဲ့ပတ်သတ်တဲ့ Task မဆို အတွေ့အကြုံသာ အရယူထားပါတယ်။
ပျင်းမျှလစာ
တစ်ပတ်ကို $1878. ဝန်းကျင်ကနေ တစ်လကို $8000 နီးပါးရရှိကြပါတယ်။ ဒီအောက်ကတော့ နိုင်ငံတစ်ကာက ပြုစုထားတဲ့ Location ပေါ်မူတည်ပြီး ရရှိတဲ့ လစာတွေပါ။ မြန်မာနိုင်ငံမှာတော့ MarTech နဲ့ပတ်သတ်တဲ့ ခေါ်တဲ့ Position မရှိသလောက် နည်းပါတယ်။
City | Monthly | Weekly | Hourly |
Atkinson, NE | $10,558 | $2,436 | $60.92 |
Frankston, TX | $10,048 | $2,318 | $57.97 |
Barnstable Town, MA | $9,913 | $2,287 | $57.19 |
Inverness, CA | $9,834 | $2,269 | $56.74 |
Manhattan, NY | $9,462 | $2,183 | $54.59 |
Australia Island, LA | $6,208 | – | – |
Potomac Heights, MD | $9,244 | $2,133 | $53.33 |
Bangkok, Thailand | $8,660 | $1530 | $51.23 |
Master Degree လိုအပ်လား
Experience 5 -10 years လိုအပ်တဲ့ position တွေမှာ Master Degree ကိုင်ထားရင်တော့ ပိုအဆင်ပြေပါတယ်။ မဖြစ်မနေ မလိုအပ်ပေမယ့် ကိုယ်က Chief Marketing Technoglist (CMT) လိုမျိုး Position ထိ သွားမယ်ဆိုရင်တော့ Exprience + Marster Degree ကိုင်ထားတာအကောင်းဆုံးပါ။
စာရေးသူ အမြင်
စာရေးသူ Career Life မှာ MarTech ဆိုတဲ့ Position မထွက်သေးပါဘူး။ စာရေးသူဟာ Technology Background ကနေ Digital Marketing စပေါ်လာတဲ့အချိန်မှာ Digital Marketing ဆိုတဲ့ Position နဲ့ အချိန်တော်ကြာအောင် လုပ်ခဲ့ရပါတယ်။ ခု 2020 နောက်ပိုင်းမှ ဒီ MarTech ဆိုတဲ့ Position ကို အခြားနိုင်ငံတစ်ကာ အလုပ်အကိုင် website တွေမှာ စခေါ်တာတွေ့ပြီး မိမိနဲ့ ကိုက်ညီတဲ့ Career Path တစ်ခုဖြစ်လို့ လျှောက်လှမ်းနေဆဲဖြစ်ပါတယ်။လက်ရှိ Covid ကာလအပြီး မှာ နိုင်ငံတစ်ကာမှာ ခေါ်ယူတာ များလာပေမယ့် မြန်မာနိုင်ငံမှာတော့ နောက်ပိုင်း ခေါ်ဆိုမှု့ များပြားလာနိုင်တဲ့ Career တစ်ခုလို့ သုံးသပ်မိပါတယ်။

Wai Yan Thwin is a MarTech Specialist and the Co-Founder of Newness – Digital Agency. He has over 14 years of experience in his career. He is passionate about sharing his knowledge on technology, digital marketing, and other topics through his blog and other channels.