ဒီ Position ကတော့ ရိုက်ကူးရေးလောကသားတွေတင်မကပဲ အပြင်လူတွေအနေနဲ့ပါ ရင်းနှီးကျွမ်း၀င် ကြားဖူးပြီးသား ဖြစ်မှာပါ။ အဲ့အတွက် Production Manager တယောက်ဖြစ်ချင်ပြီး ဒီ Position မှာအလုပ်လုပ်ဖို့ ဘာတွေလိုအပ်မလဲ?
အကြမ်းမျဥ်းပြောရရင်တော့ ရိုက်ကူးရေးတစ်ခုအတွက် လိုအပ်တာတွေကို စီစဥ်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ Production Manager တစ်ဦးဟာ ရိုက်ကူးရေးအဖွဲ့သားတွေဖြစ်တဲ့ Producer,Line Producer နဲ့ First AD တို့ရဲ့ အားကိုးအားထားရာ လို့ပြောရင်လည်းမမှားပါဘူး။ ရိုက်ကူးရေးတစ်ခုမှာ စီစဥ်စရာတွေများပြားတဲ့အတွက် လိုအပ်တာတွေကို အသေးစိပ်စီမံနိုင်ဖို့ရာ Producer,Line Producer နဲ့ Production Manager တို့ဟာ ရိုက်ကူးရေးမစတင်ခင် Pre-Production ကာလကတည်းက ရိုက်ကူးရေးပြီးဆုံးသည်အထိ လက်တွဲပြီး လုပ်ဆောင်ကြပါတယ်။
Degree တစ်ခုရယူခြင်း
Production Manager တစ်ယောက်ဖြစ်ဖို့ ဘယ်ဘွဲ့ရမှဖြစ်မယ်လို့တော့ မရှိပါဘူး။ အဆက်အသွယ် နဲ့ ဗဟုသုတတွေက ပိုအရေးကြီးပါတယ်။ ဒါပေမယ့်
- Communication Arts
- Media Production
- Project Management
- Accounting စတဲ့ သက်ဆိုင်ရာ ဘွဲ့တစ်ခုမဟုတ် တစ်ခုရထားရင်တော့ ပိုပြီးအခွင့်အလမ်းကောင်းနိုင်ပါတယ်။
သက်ဆိုင်ရာ Experience တွေကို ဘယ်လိုရှာမလဲ
ရိုက်ကွင်းတွေကို လိုက်ကြည့်ပြီးတော့ ဘာတွေလုပ်လေ့ရှိတယ် ဆိုတာကိုလေ့လာနိုင်ပါတယ်။ Production Manager ရဲ့ လက်ထောက်အဖြစ် ဒါမှမဟုတ် Production Crew အနေနဲ့အဖြစ် အရင်၀င်လုပ်ပြီး အဆက်အသွယ်နဲ့ အတွေ့အကြုံတွေကို လေ့လာနိုင်ပါတယ်။
အခြား Certificate/Diploma တွေ လိုအပ်လား
အပေါ်မှာပြောခဲ့သလိုပဲ စာရွက်စာတမ်းတွေထက် အတွေ့အကြုံကိုပဲ ပိုလိုအပ်ပါတယ်။ အဲ့တာမှသာ အလုပ်လုပ်တဲ့အခါမှာ မြန်မြန်နဲ့ ကောင်းကောင်းပြီးနိုင်မှာပါ။ စာရွက်စာတမ်းတွေရှိပြီး အတွေ့အကြုံမရှိရင် ဘယ်ကစလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေနိုင်တဲ့ Position မျိုးဖြစ်နေမှာ အသေအချာပါပဲ။
အဓိက လိုအပ်တဲ့ Skill တွေက ဘာတွေလဲ?
ရိုက်ကွင်းတစ်ခုရဲ့ စီစဥ်သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရိုက်ကူးရေးအဖွဲ့သားတွေအတွက် နေရာထိုင်ခင်း၊ အစားအသောက်၊ အသွားအလာ နဲ့ Schedule တွေကို စီစဥ်ရခြင်း ၊ ရိုက်ကူးခွင့်ပြုချက်တောင်းခံရခြင်း၊ Budget တချို့ကို ကိုင်တွယ်ရခြင်း နဲ့ Below The Line Crew တွေကို ကြည့်ရှုရခြင်း တွေကို အဓိကလုပ်ကိုင်ရပါတယ်။ ဒါပေမယ့် ရိုက်ကူးရေး အကြီးအသေးနဲ့ အဖွဲ့သားပါ၀င်မှု ပေါ်မူတည်ပြီး လုပ်ကိုင်ရတာနည်းသွားတာ၊ များသွားတာ ကွာနိုင်ပါတယ်။ အဲ့အတွက် အပေါ်ကပြောခဲ့သလို အလုပ်တွေလုပ်ရဖို့ကို အဆက်အသွယ်၊ ငွေကြေးအတွက်ယုံကြည်မှု နဲ့ ပေါင်းသင်းဆက်ဆံရေး စတဲ့ အရည်အချင်းတွေက အလိုအပ်ဆုံးပါ။
Career Path မှာ ဘယ်လို Position တွေဖြတ်ကျော်ရမလဲ?
ဒါကတော့ ပြောခဲ့ပြီးသလိုပဲ Assistant Production Manager , Production Crew, Runner စတာတွေကို ဖြတ်ကျော်နိုင်ခဲ့ဖို့ လိုအပ်ပါတယ်။
ပျင်းမျှ လစာ
လစာအနေနဲ့ ရတဲ့အခါမှာ ပုံစံ(၃)မျိုးရှိပါတယ်။
- Project by Project အနေနဲ့လုပ်ရပြီး Project ကာလ(Duty)ပေါ်မူတည်ပြီးလစာရခြင်း ၊
- Coroperate မှာ Full Time အနေနဲ့လုပ်ရပြီး လစဥ်တူညီသောလစာရခြင်း၊
- Production In House အနေနဲ့ လုပ်ရပြီးတော့ Production နဲ့ ညှိနှိုင်းမှုတစ်ခုထားပြီး လစဥ်အခြေခံလစာ + Project အလိုက်လစာရခြင်း
တို့ဖြစ်ပါတယ်။ အဲ့တာအပြင် Project အမျိုးအစားပေါ်မူတည်ပြီး MV,TVC,Commerical,Film စသဖြင့်လည်း မတူကြပြန်ပါဘူး။ ပျင်းမျှလစာအနေနဲ့ကတော့ 1 Duty ကို အနည်းဆုံး ၅သောင်း ကနေ ၂သိန်းခွဲ၊ ၃သိန်း၊ ၃သိန်းခွဲ၊ ၄သိန်း စသဖြင့် ကိုယ်လုပ်ရမယ့်တာ၀န်တွေ နဲ့ Project အမျိုးအစားပေါ်မူတည်ပြီး တောင်းနိုင်ပါတယ်။ International average rate ကတော့ (၁)လကို $ 4,000 ၀န်းကျင်ရှိတယ်လို့ Glassdoor ရဲ့ Salary Insight မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
Master Degeree လိုအပ်လား
မလိုအပ်ပါ။ International Unit Production Manager အနေနဲ့အထိ လုပ်ကိုင်ဖို့ရှိရင်တော့ ရထားရင် ပိုအခွင့်အလမ်းများနိုင်ကောင်း များနိုင်ပါတယ်။
အခြား Tips & စာရေးသူ အမြင်
စာရေးသူက Producer တစ်ယောက်ဖြစ်တဲ့အတွက် Production Manager တွေနဲ့အလုပ်လုပ်ရတဲ့အခါမှာ ဘွဲ့တွေအပြောတွေထက် အလုပ်နဲ့ သက်သေပြပြီး လုပ်သွားနိုင်တဲ့သူတွေနဲ့ အလုပ်လုပ်ရတာ ပိုပြီးစိတ်ချရပါတယ်။ Production Manager ကမောက်ကမဖြစ်ရင် ရိုက်ကူးရေးတဖွဲ့သားလုံးမှာ အကျိုးသက်ရောက်မှုရှိတဲ့အတွက် တစ်ခါလက်တွဲလုပ်လို့အဆင်ပြေရင် တောက်လျှောက် ဒီလူနဲ့ပဲ အလုပ်လုပ်ဖြစ်သလို တစ်ခါအဆင်မပြေယုံနဲ့လည်း နောက်လက်တွဲလုပ်ရမှာကြောက်သွားပြီး မလုပ်တော့တာထိလည်း ဖြစ်နိုင်ပါတယ်။

Aye Chit Su is a sedulous person who loves to make an Art Business from Mandalay, Myanmar.
Finished a degree from Computer University and jumped into the film industry in 2018.
Based on her interest in Tech and Art, she loves to take a role to create art and management with digital literacy in Film Industry.
Hence, she is also flexible and has a risk-taking attitude, she is good at communicating with enormous people.