10 Free certifications to take your career to the next level (start today): အလုပ်အကိုင်အခွင့်အလမ်းတွေများဖို့အတွက် ဒီနေ့ကစပြီး လေ့လာနိုင်မယ့် အခမဲ့ Certificates အတန်းတွေ မျှ၀ေပေးချင်ပါတယ်။ ဒီ ထဲက သင်တန်းတွေဟာ ၂၀၂၃ မှာ အရေးပါလာမယ့် skill တွေ ကို အဆင်ပြေပြေနဲ့ အခမဲ့ သင်နိုင်ဖို့ တစ်ခုချင်းစီ Link တွေ နဲ့အတူ ရှင်းပြပေးလိုက်ပါတယ်။
- CS50’s Introduction to Computer Science
ဒီ Course ကို တက်ရောက်ဖို့ (၁၂) ပတ် နည်းပါး ကြာမြှင့်မှာ ဖြစ်ပြီး တစ်ပတ်ကို ၆-၁၈ နာရီ အချိန်ပေးဖို့လိုအပ်ပါတယ်။ နာမည်ကျော် Harvard Univerity ရဲ့ Computer Science အခမဲ့ Course တစ်ခုဖြစ်ပါတယ်။ Link : https://t.co/r7yGibD2cx - . FreeCodeCamp
Free Code Camp ကတော့ Coding လေ့လာချင်သူတွေအတွက် အခမဲ့ လေ့လာလို့ရအောင် စီစဉ်ပေးထားတဲ့ website တစ်ခုဖြစ်ပါတယ်။ Link : https://t.co/laFjnZW6TC - Digital Garage by Google
ဒီ Certificate ကတော့ နာမည်ကြီးပါ။ Google ကနေ ဒီနေ့ခေတ်လို Digital ခေတ်ကြီးမှာ e-commerce ကနေ Digital Marketing စတဲ့ Online Business တွေကို နားလည်အောင် ရှင်းပြပေးမယ့် Course တစ်ခုပါ။ Link : https://t.co/6ldKJvUYTz - Project Management Certification
Project တစ်ခုပဲ ဖြစ်ဖြစ် အဆင်ပြေပြေနဲ့ အောင်မြင်အောင် လုပ်ဖို့က Management ကောင်းဖို့ လိုပါတယ် ဒီ အခမဲ့ Project Managment Course ကတော့ MSI ဆိုတဲ့ Management Strategy Institute ကပေးတဲ့ Certificate Course မို့ အသုံးဝင်နိုင်ပါတယ်။ Link : https://t.co/XgZm0Aoqd6 - Cognitive Class Courses
ယနေ့ခေတ်မှာ ခေတ်စားလာတဲ့ Skill တွေ ဖြစ်တဲ့ Deep Learning တို့ Data Science တို့လို subject တွေက ဒီ website ကနေ အခမဲ့ လေ့လာနိုင်အောင် စီစဉ်ပေးထားပါတယ်။ Link : https://t.co/Dde5N1ABCc - Great Learning Courses
Great Learning ဆိုတဲ့ site ကတော့ Essential Course တွေ Foundation စတဲ့ အခြေခံ Course တွေ အများစုကို စုစည်းပေးထားတဲ့ နေရာလေးပါ။ Link : https://t.co/RHCDnlw2W8 - Alison Courses
Free Course ပေါင်း 4000 ကျော်ရှိတဲ့ Alison ဆိုတဲ့ website လေးဖြစ်သလို Certificate သာမကာ Diploma တွေကိုပါ တက်ရောက်နိုင်တဲ့ website တစ်ခုဖြစ်ပါတယ်။ Link : https://t.co/EvTRJzgEqB - Test Automation Certificate
Test Automation University ကပေးမယ့် Tester , Software Engineer အဖြစ် လျှောက်လှမ်းမယ့်သူတွေ နဲ့ကိုက်ညီတဲ့နေရာတစ်ခုပါ။ Link : https://t.co/sCKelvljdR - MIT OpenCourseware
Undergraduate တွေ အတွက် အသင့်တော်ဆုံးနဲ့ ကိုက်ညီတဲ့ နေရာတစ်ခုပါ။ အခမဲ့ Computer နဲ့ပတ်သတ်တဲ့ Course တွေ အများဆုံးရှိတဲ့ website တစ်ခုလဲ ဖြစ်ပါတယ်။ Link : https://t.co/tPxRdiN05V - Learn with Kaggle
Python, Machine Learning , Data Visualization စတဲ့ ဘာသာရပ်တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ Learn with Kaggle က သင့်တော်တဲ့ Site တစ်ခုပါ။ Link : https://t.co/uEnQTrJvOG
Credit : @madzadev, Twitter

မခိုင်ဇင်လင်းသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဂျပန်ဘာသာမေဂျာဖြင့် ၂၀၁၆ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ အမေရိကန်အစိုးရရဲ့ ကာလတို ပညာရေးအစီအစဉ်ဖြစ်သော YSEALI Academics Fellowship, Autumn 2016 batch တွင် Social Entrepreneurship & Economics Development ဘာသာရပ်ကို Arizona State University တွင် ၅ ပတ်ကြာ သွားရောက် လေ့လာသင်ယူခဲ့သည်။
ထို့နောက် ရန်ကုန်တွင် Business & Product Development နယ်ပယ်ဖြင့် ၄ နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ရှိ IE Business School မှ Masters in Digital Business & Innovation ဘွဲ့ကို ရရှိခဲ့ပြီး လက်ရှိ Fintech ကုမ္ပဏီတစ်ခုဖြစ်သော FIS Global တွင် Technology Business Consultant အနေဖြင့် မက်ဒရစ်မြို့တွင် အလုပ်လုပ်ကိုင်နေပါသည်။