ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်း နိုင်ငံ တစ်ခု ဖြစ်သလို၊ အလုပ်အကိုင်အခွင့်အလမ်း အချို့လဲ ရှိနေပါတယ်။ သင်က IT ပညာ ရပ်မှာမှ Programmer or Developer တစ်ယောက်အဖြစ် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီ Article က သင့်အတွက် လိုအပ်တာတွေ ပြောပြသွားပါလိမ့်မယ်။
Work Permit
ထိုင်းမှာ အလုပ်လုပ်မယ်ဆိုရင် Work Permit လိုပါတယ်။ Work Permit ဆိုတာကလဲ Company မှာ အလုပ်ရခဲ့ရင် Company က လျှောက်ပေးပါတယ်။ Company ဆိုရာမှာ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက ထိုင်းနိုင်ငံသား ပိုင် Company ဖြစ်ပြီး ၊ နောက်တစ်မျိုးက BOI ဆိုတဲ့ Company အမျိုးအစားပါ။ ကွာခြားချက်ကတော့ ထိုင်းနိုင်ငံသားပိုင် Company ဆိုရင် ထိုင်းလူမျိုး(၄) ဉီး – နိုင်ငံခြားသား(၁) ဉီးဆိုတဲ့ 4:1 အချိုးသတ်မှတ်ချက်ရှိပါတယ်။ ဆိုလိုတာက သင်က မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံခြားသားပါ။ သင့်ကို အလုပ်ခန့်ဖို့အတွက် အဲဒီ Company မှာ ထိုင်းလူမျိုး (၄) ဉီး ခန့်ထားရပါမယ်။ BOI Company တွေကတော့ အဲလို သတ်မှတ်ချက်မရှိပါဘူး။ သူတို့က စိတ်ကြိုက်စီရင်ခွင့်ရှိပါတယ်။ ဘယ်လို ခွဲမလဲ ဆိုရင် Company ကိုပဲ မေးရမှာပါ။ ကိုယ့်ကို Work Permit ပေးမှာလား (လျှောက်ပေးမှာလား) မေးရင်ရပါပြီ။ သင့်ကို ခန့်တဲ့ Company က ကိုယ်တိုင်လျှောက်ရမယ်လို့ ပြောလာခဲ့ရင် တစ်ခုခု မှားယွင်းနေတာပါ။
သတ်မှတ်ချက်များ
Work Permit ရဖို့ IT ဘွဲ့ရ တစ်ယောက်ဖြစ်ပြီး အနည်းဆုံး (၃) နှစ်အတွေ့အကြုံလိုပါတယ်။ မိမိက ဘွဲ့မရတာပဲ ဖြစ်ဖြစ် အခြားဘွဲ့အမျိုးအစားဆိုရင်တော့ (၅) နှစ် အတွေ့အကြုံလိုပါလိမ့်မယ်။ Certificate of Employment ကို မိမိလုပ်ခဲ့တဲ့ Company တွေဆီက တောင်းပြီး ပြဖို့ လိုပါတယ်။ ဘွဲ့ကတော့ မြန်မာ MOFA တုံးထုဖို့လိုပါတယ်။ တစ်ချို့လဲ IT ဘွဲ့ရပြီး အတွေ့အကြုံ (၂) နှစ်နဲ့ အလုပ်ရတာမျိုးလည်း ရှိပါတယ်။
နိုင်ငံခြားသား ( ဗမာအပါအဝင်) Internship နဲ့ Junior လုံးဝ (လုံးဝ) မခန့်ပါ… Mid Level တောင် သေချာကြည့်ပြီး တိုးတက်နိုင်မဲ့ အခြေအနေရှိမှ ခန့်ပါတယ်… သေချာပြန်စဥ်းစားကြည့်ပါ… သူ့နိုင်ငံလာအလုပ်လုပ် ပြီးတော့ ပညာပါသင်ပေးရမဲ့ အပေါက်က ဘယ်နိုင်ငံက ခွင့်ပြုပါ့မလဲဆိုတာ… သူတို့ဆီက ဘွဲ့ရလဲ ပေးမလုပ်ပါ… အချိန်ကုန် မခံဘဲ တခြားနိုင်ငံသာ စဥ်းစားသင့်ပါတယ်… (ဥပမာ Canada)
အလုပ်လျှောက်တယ် ပြန်မခေါ်ဘူး ဘယ်လိုလုပ်ရမလဲ.?
ထိုင်းက Company တွေက Candidate က နိုင်ငံထဲမှာ ရှိနေမှ အင်တာဗျူးခေါ်တာ များပါတယ်… ကျနော်လျှောက်တုန်းက ကျနော့် Position က သူတို့ တအားလိုချင်တဲ့ Tech Lead Position မို့ Zoom ကနေပဲ အင်တာဗျုးခေါ်ပါတယ်… တချို့ Senior Position တွေလဲ ခေါ်တတ်ပါတယ်… Company နဲ့ပဲဆိုင်ပါတယ်… အဓိက Relocation fee ပါ… လာတာ မလာတာကတော့ ကိုယ့်ဆုံးဖြတ်ချက်ပါ.. အလုပ်မရရင် ကျနော်နဲ့ မဆိုင်ပါလို့ ကြိုပြောပါရစေ။
နောက်အလုပ်မခေါ်ရတဲ့ အကြောင်းရင်းက တမျက်နှာ CV နဲ့လျှောက်လို့ပါ။ သားက FullStack Developer ကြီးပါဆိုပြီး CV ထဲမှာ နာမည်၊ မှတ်ပုံတင်၊ မွေးနေ့ ၊ အမေအမေ နာမည် ပညာအရည်အချင်းနဲ့ အရင်အလုပ်လောက်ပဲ ထည့်ရေးထားရင် ဘယ်သူမှ မခေါ်ပါဘူး… လုပ်ဖူးတာတွေ စီကာပတ်ကုံးရေးပြီး သေချာ ပြင်ဆင်မှ ရပါတယ်… Project တွေ Experience တွေ သေချာပြင်ပြီး ပို့မှ ရပါမယ်။
ဘာသာစကား
ထိုင်းလိုပြောတတ်ဖို့လိုလား… မလိုပါ… သင်လာရင် ပိုကောင်းပါတယ်… မငတ်အောင် နေလို့ရမဲ့ ထိုင်းစကားကို Comment မှာ ထည့်ပေးထားပါတယ်… English လိုတော့ Conversational ပြောတတ်ဖို့လိုပါတယ်… မတတ်ရင် … သူများပြောသမျှ ခေါင်းငုံခံရပါမယ်
နေစရိတ်နဲ့ လစာ
တနေ့စားစရိတ် – ဘတ် (၁၀၀) နဲ့ (၂၀၀) ကြား
<Food Court မှာစားမယ်… ကော်ဖီတခွက်သောက်မယ်>
သွားစရိတ် BTS – ဘတ် (၁၀၀)
မီတာခ – တလ ၈၀၀ က နေ ၃၀၀၀
ရေဖိုးတလ – (၂၀၀)
အင်တာနက် – (၅၀၀) ကနေ (၉၀၀) ကြား
အိမ်ငှားခ ( Condo )
တယောက်ခန်း – (၇၀၀၀) ကနေ (၁၀၀၀၀) ကြား
မိသားစုပါရင် နှစ်ယောက်ခန်း – (၁၅၀၀၀) ကနေ (၂၀၀၀၀) ကြား
ကပ်စေးမနည်းပါနဲ့… Apartment ငှားရင် ပိုကုန်ပါတယ်… မီတာခကို အစိုးရဈေးနဲ့မဟုတ်ပဲ လျှောက်ရေးပြီး တောင်းတတ်ပါတယ်… ဘာမှမထူးပါဘူး… အဆင့်မြင့်မြင့် လုံခြုံတဲ့ Condo မှာပဲနေဖို့အကြံပြုပါတယ်။တလ ဘတ် (၂၀၀၀၀) ဆို လောက်ပါတယ်… ဘီယာသောက်တာ ဟိုဟိုဒီဒီ သုံးတောင် ၃ သောင်းဆို သူဌေးလိုနေလို့ရပါတယ်
လစာ ဘယ်လောက် တောင်းရမလဲ?
Mid Level – 50,000 – 70,000
Senior – 70,000 – 120,000
Tech Lead – 120,000 – 180,000
ဘယ်က အလုပ်ရှာရမလဲ?
LinkedIn က အဓိက ရှာပါ… မရှာတတ်ရင် မရှာပါနဲ့… Laptop ကြီး ရောင်းစားလိုက်ပါ
အခြား အတွေ့အကြုံအချို့
ထိုင်းမှာ ထိုင်းလူမျိုးတွေက Creative သမားတွေ တအားများပါတယ်… Programmer or Developer တော်တော် ရှားပါတယ်… အားမနာတန်းဝေဘင်ရရင် သူတို့နည်းပညာက 2015 လောက်မှာ တစ်နေတာပါ… ကျနော်တို့ ဗမာ Dev တွေ အများကြီး ရောက်လာပြီး ဈေးကလဲ တခြားနိုင်ငံသားတွေထက် သက်သာတော့ အတော် သဘောကျပြီး ခန့်ချင်ကြပါတယ်… ဗမာဆို Code ရေးတာလဲကောင်းတယ်… လစာလဲ အရမ်းမများဘူး… English လိုလဲ ကောင်းတယ်ဆိုပြီး ဗမာပဲရှာတဲ့ Company တွေတောင် ရှိပါတယ်… တချို့ Foreigner တွေကျ ဒီက ယဥ်ကျေးမှုလဲ မသိ… ထိုင်းတွေကိုလဲ English လိုလဲ မရဘူးဆိုပြီး နှိမ်တတ်ကြလို့ပါ.. ဗမာတွေကျ ယဥ်ကျေးမှုချင်းကလဲ အတော်နီးနီးစပ်စပ်တူပြီး လူကြီး လူကြီးမှန်းသိ အာရှသားအချင်းချင်းမို့ ဖီးခပ် လို့ ခေါ်လိုက်တာနဲ့ ထိုင်းတွေက အရမ်းချစ်ကြပါတယ်… ဟိုးအရင်က History တွေ ဖော်လာပြီး Racist တော့ မလုပ်နဲ့ပေါ့… အိမ်ပြန်နေရပါမယ်…အရေးအကြီးဆုံးအချက်… ဗမာပွဲစားဆို လုံးဝမယုံပါနဲ့… အမျိုးအချင်းချင်းက ပိုဆော်တတ်ပါတယ်… ကိုယ့်ဘာသာ Bank Account ဖွင့် ကိုယ့်ဘာသာ ယာဥ်မောင်းလိုင်စင်လျှောက်ပါလို့… ထိုင်းလူမျိုးက မင်း ဘတ်ဘ၈၀၀၀ တောင် ပေးလာရတဲ့ ယာဥ်မောင်းလိုင်စင်ကြီးက ငါ ဘတ် ၃၅၀၀ ပဲ တောင်းတာကွလို့ ပြောခံလာရသော မိမိ

ကိုထက်ဝေယံစိုးသည် Sofware development နယ်ပယ်သို့ (2007) ခုနှစ်တွင် စတင်ဝင်ရောက်ပြီး Software Development အတွေ့အကြုံများစွာရှိတဲ့ သူတစ်တစ်ယောက်ဖြစ်ပါသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ DevelopNow company တွင် Head of Development အဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ထို့အပြင် MM Tech Guru ၏ Founder ဖြစ်ပြီး လူငယ်များအတွက် Web Development သင်တန်းများနှင့် Software Development နှင့်ပတ်သက်သော အတွေ့အကြုံများကို မျှဝေလျက်ရှိပါသည်။ Wave Money, Myanmar တွင် Solution Architect , NFC Thailand တွင် လည်း Technical Lead အဖြစ်လုပ်ကိုင်ခဲ့ဖူးပါတယ်။